(၁) Mi Band 2 ကဘာဖြစ်လို့ Battery အကုန်မြန်နေတာလဲ
– Battery အစားထိုးဖို့အတွက်လိုအပ်လာလို့ဖြစ်ပါတယ်။ ဖြစ်နိုင်ချေ အရှိဆုံးကတော့ ပုံမှန်မဟုတ်တဲ့ စနစ်မကျတဲ့ အားသွင်းခြင်းတွေ၊ Cable ကို Original မဟုတ်တဲ့ ကြိုးသုံးတာကနေ ဘက်ထရီ ကိုထိခိုက်စေပါတယ်

(၂) Heartbeat တိုင်းတဲ့ Sensor အလုပ်မလုပ်ဘူးထင်တယ် တိုင်းလို့မပေါ်ဘူး
– Mi Band ရဲ့ Sensor ကို လက်ကောက်ဝတ်အောက်ဖက် ပြောင်းပြီး ပတ်ပါ။ ပြီးရင်တိုင်းကြည့်လိုက်ပါ။ အလုပ်လုပ်သွားပြီဆိုရင် ပုံမှန် ပတ်သလို ပတ်ထားနိုင်ပါပြီ။

(၃) Mi Fit App ကို Language ပြောင်းလို့ရပါသလား
– Device ရဲ့ Language အတိုင်းအလုပ်လုပ်တာဖြစ်လို့ Device Language ပြောင်းမှသာ ပြောင်းနိုင်ပါတယ်

(၄) အခြားဖုန်းမှာ အလွယ်တကူချိတ်မရဘူး
– ပြီးခဲ့တဲ့ ဖုန်းထဲက Mi Fit App ထဲမှာ အရင် Unpair လုပ်ပါ။ ပြီးမှ Device အသစ်ကိုချိတ်ပါ

(၅) Mi Band 2 မှာ App တွေရဲ့ Noti လာလာပေါ်နေတယ်။
– Mi Fit App ထဲကိုဝင်ပါ >> Play >> Mi Band Alerts >>Manage Apps အဆင့်ဆင့်သွားပြီး ကိုယ် Noti ပြပေးစေချင်တဲ့ App ကိုရွေးချယ်ပါ။ ငါးခုထိသာ ရွေးချယ်ခွင့်ရှိပါတယ်။

(၆) ဘာဖြစ်လို့ အချို့ App icon တွေကို Display မှာမပြတာလည်း
– WhatsApp, QQ, Facebook, Twitter, Snapchat စတဲ့ icon တွေတော့ပြနိုင်ပါတယ်။ နောက်ပိုင်း Update တွေမှာတော့ ပါလာနိုင်မယ်ထင်ပါတယ်။ Developer တွေနဲ့ အများကြီးဆိုင်ပါတယ်။

(၇) Date and Days တွေမပေါ်တာ
– အရင် Mi Fit အဟောင်းသွင်းထားမိတာနေပါလိမ့်မယ်။ Mi Fit ကို Update လုပ်ပြီးရင် Mi Fit App >> Profile >> Mi Band 2 >> Time Format ကနေတစ်ဆင့် ကိုယ်လိုသလို ပြောင်းလဲနိုင်ပါတယ်

(၈) Mi band ရဲ့ အရေးပါသော Setting အချို့
– Unpair လုပ်ရန် Mi Fit App >> Profile >> Mi Band 2 >> UNPAIR
– Unknown Num ဆီက Noti ယူရန် Mi Fit App >> Play >> Incoming call >> Off the option “Don’t notify about unknown numbers”
– Update လုပ်ရန် Mi Fit App >> Profile >> Settings >> Check For Update >> Update

(၉) Device ၂ ခုကို တစ်ပြိုင်တည်းချိတ်နိုင်ပါသလား
– လတ်တလော အခြေအနေအရ မရရှိနိုင်ပါ

(၁၀) Factory Reset ချနိုင်ပါသလား
– မချနိုင်ပါ။ ပါဝါ အပိတ်အဖွင့်ကိုလည်း မဆောင်ရွက်နိုင်ပါ။ Firmware Downgrade လည်းမပြုလုပ်နိုင်သေးပါ

(၁၁) ဘာဖြစ်လို့ Noti မတက် Vibrate မဖြစ်တာလဲ
– ဖုန်းနဲ့ အရမ်းဝေးကွာသွားပြီး Connection ပြတ်တောက်တာ ကောင်းစွာ မချိတ်ဆက်မိတာ တွေကြောင်းဖြစ်ပါတယ်။ Mi Fit App ကိုဖွင့်ပြီး ပြန်လည်ချိတ်ဆက်ဖို့ ကြိုးစားကြည့်နိုင်ပါတယ်။

Thanks to Intern Moderator Anas.ShaIkh11

Load More By Mee Net (Bago)
Load More In BLOG

Leave a Reply

Your email address will not be published. Required fields are marked *

Check Also

Root လုပ်တယ်ဆိုတာ

Root လုပ်တယ်ဆိုတာ ******* Root လုပ်တယ်ဆိုတာဟာ ဖုန်းတွေမှာ ရှိတဲ့ စနစ်တွေကို သာမာန်အသုံးပြု…